
နယူးဇီလန်ရေတပ် သုတေသန သင်္ဘောတစင်းဟာ ဆာမိုအာကမ်းလွန်မှာ နစ်မြုပ်သွားခဲ့ပေမဲ့ ရေယာဉ်အမှုထမ်းနဲ့ ခရီးသည် ၇၅ ယောက်စလုံး ဘေးကင်းတယ်လို့ ကာကွယ်ရေးဝန်ကြီး ဂျူဒစ် ကောလင်းစ်က အောက်တိုဘာ ၆ ရက်မှာ ပြောပါတယ်။
ရေတပ်ရဲ့ အထူးရေအောက်စူးစမ်းရေးနဲ့ အဏ္ဍဝါတိုင်းတာရေးရေယာဉ် မာနာဝါနူအီဟာ သန္တာကျောက်တန်းတွေကို သုတေသန လုပ်နေတဲ့အချိန် အူပိုလူ တောင်ပိုင်းကမ်းရိုးတန်းနားမှာ အောက်ခံမြေသားနဲ့ တိုက်မိတာဖြစ်တယ်လို့ နယူးဇီလန် ရေတပ်စစ်ဦးစီးချုပ်က ပြောပါတယ်။
နယူးဇီလန်ဒေါ်လာ ၁၀၃ သန်း အကုန်အကျခံပြီး ဝယ်ယူထားတဲ့ ဒီသင်္ဘောကို ၂၀၁၈ ခုနှစ်ကမှ စတင်သုံးစွဲတာ ဖြစ်ပါတယ်။
ဒေသစံတော်ချိန် အောက်တိုဘာ ၅ ရက် မနက် ၉ နာရီမှာ သင်္ဘောဟာ လုံးဝမြုပ်သွားပြီဖြစ်တယ်လို့ ဆိုပါတယ်။
ရေယာဉ်ပေါ်လိုက်ပါသွားသူ အားလုံးကိုတော့ ကယ်ဆယ်နိုင်ခဲ့ပြီး ဘာကြောင့် အောက်ကြမ်းပြင်နဲ့ တိုက်မိသလဲ ဆိုတာကိုတော့ စုံစမ်းဖို့လိုဦးမယ်လို့ သိရပါတယ်။
Source-Reuters