Home
နိုင်ငံတကာ
BTS စတား ရှူးဂါး အရက်မူးပြီးယာဉ်မောင်းမှုဖြင့် ဝမ်ငွေ ၁၅ သန်း ဒဏ်ရိုက်ခံရ 
DVB
·
October 1, 2024
Photo - REUTERS/Kim Soo-hyeon/File Photo

တောင်ကိုရီးယားနာမည်ကြီး  ကေပေါ့ပ် BTS အဖွဲ့ဝင်  ရှူးဂါးဟာ အရက်သောက်ပြီး အီလက်ထရောနစ်စကူတာယာဉ် မောင်းနှင်ခဲ့မှုအတွက် ဒဏ်ကြေး ဝမ်ငွေ ၁၅ သိန်း (အမေရိကန်ဒေါ်လာ ၁၁၅၀၀) ပေးဆောင်ဖို့ ဒဏ်ကြေးတပ်ခံခဲ့ရပါတယ်။ 

အမည်ရင်း မင်ယွန်ဂီ ဖြစ်ပြီး အနုပညာနာမည်  ရှူးဂါးအဖြစ် ထင်ရှားတဲ့ အဆိုတော်ဟာ ပြီးခဲ့တဲ့ ဩဂုတ်လတုန်းက  ဆိုးလ်မြို့က သူ့အိမ်နားမှာ စကူတာပေါ်က ပြုတ်ကျပြီး ပြန်တက်ဖို့ကြိုးစားနေချိန်မှာ ရဲက တွေ့ပြီး စွဲချက်တင်ခံခဲ့ရတာ ဖြစ်ပါတယ်။ 

သွေးတွင်း အယ်လ်ကိုဟော ပမာဏ ၀ ဒသမ ၂၂၇ ရာခိုင်နှုန်းရှိနေပြီး သတ်မှတ် ထားတဲ့ ၀ ဒသမ ၀၈ ရာခိုင်နှုန်းထက် သိသိသာသာ ကျော်လွန်နေတာ ဖြစ်ပါတယ်။ 

အဲဒါကြောင့် ဒဏ်ကြေးချဖို့ ဆိုးလ်မြို့တရားရုံး တရုံးကဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ယာဉ်မောင်းလိုင်စင်ပါ ရုပ်သိမ်းခံခဲ့ရတဲ့ ရှူးဂါးက‌တော့ အိမ်နဲ့လည်း နီးနီးလေးလို့ စဉ်းစားမိတာကြောင့်၊ အယ်လ်ကိုဟောလွှမ်းမိုးမှုရှိချိန်မှာ အီလက်ထရောနစ်စကူတာလည်း မောင်းလို့မရဘူးဆိုတာ မေ့သွားခဲ့တာလို့ ပြောကြားခဲ့ပါတယ်။

ဘယ်သူမှ မထိခိုက်သလို ဘယ်သူ့ပစ္စည်းပိုင်ဆိုင်မှုမှ မပျက်စီးခဲ့ပေမဲ့ ဆင်ခြေမပေးသင်ဘဲ သူ့မှာသာ အပြည့်အဝတာဝန်ရှိတယ်လို့  ရှူးဂါးက ဝန်ခံခဲ့ပါတယ်။

ဒီဖြစ်စဉ်ကြောင့် BTS အဖွဲ့ရဲ့ ပုံရိပ်ကျဆင်းစေတယ်ဆိုပြီး တချို့တွေက  ရှူးဂါးကို အဖွဲ့က နုတ်ထွက်ခိုင်းတာမျိုးရှိခဲ့ပါတယ်။ ဒါပေမဲ့  ရှူးဂါးရဲ့ ပရိသတ်တွေကလည်း သူ့ဘက်က အပြည့်အဝပံ့ပိုးပေးခဲ့ကြပါတယ်။ 

တခြား BTS အဖွဲ့ဝင်တွေ အားလုံးဟာ စစ်မှုထမ်းနေတာဖြစ်ပေမဲ့ အသက် ၃၁ နှစ်ရှိပြီဖြစ်တဲ့ အဆိုတော်ဟာ ပုံမှန်တိုက်ပွဲဝင်တာဝန်အတွက် ကြံ့ခိုင်မှုမရှိဘူးလို့ ဆုံးဖြတ်ခံရတဲ့အတွက် တောင်ကိုရီးယားတပ်မတော်ရဲ့ လူမှုရေး လုပ်ငန်းကိုယ်စားလှယ်အဖြစ်သာ ထမ်းဆောင်နေတာ ဖြစ်ပါတယ်။

Source-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024