
ထိုင်းဝန်ကြီးချုပ် ဖဲထောင်းထန်းရှင်နာဝပ်ဟာ အစိုးရအဖွဲ့ ဝန်ကြီး ၃၅ ဦးနဲ့ စက်တင်ဘာ ၆ ရက်က ထိုင်းဘုရင်ရဲ့ ရှေ့မှာ ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။
ကျမ်းသစ္စာကျိန်ဆိုပွဲကို ဘန်ကောက်မြို့မှာရှိတဲ့ ဒူဆစ်နန်းတော်မှာ တံခါးပိတ်ကျင်းပခဲ့တာပါ။
အသက် ၃၈ နှစ်အရွယ်ရှိ ဖဲထောင်းထန်းဟာ ပြီးခဲ့တဲ့လက ပါလီမန်မှာ ရွေးချယ်ခံခဲ့ရတာကြောင့် ထိုင်းနိုင်ငံရဲ့ အသက်အငယ်ဆုံး ဝန်ကြီးချုပ်ဖြစ်လာခဲ့ပါတယ်။
ဒါဟာ အဖေဖြစ်သူ သက်ဆင်ရှင်နာဝပ်၊ အဒေါ်ဖြစ်သူ ယင်လတ်ရှင်နာဝပ်တို့နောက်ပိုင်း ထိုင်းနိုင်ငံမှာ ၂၃ နှစ်အတွင်း ရှင်နာဝပ်မိသားစုရဲ့ တတိယမြောက် ဝန်ကြီးချုပ်ဖြစ်လာတာ ဖြစ်ပါတယ်။
ထိုင်းဘုရင် မဟာဝချီရာလောင်ကွန်းက ဝန်ကြီးချုပ်သစ်ဟာ တာဝန်တွေကို အကောင်းဆုံး ထမ်းဆောင်မယ်လို့ ယုံကြည်ကြောင်း ရုပ်သံထုတ်လွှင့်မှုမှာ ပြောကြားခဲ့ပါတယ်။
ဖဲထောင်းထန်းရှင်နာဝပ်ဟာ အရှေ့တောင်အာရှရဲ့ ဒုတိယ စီးပွားရေးအကောင်းဆုံး ထိုင်းနိုင်ငံကို ဦးဆောင်ရမှာဖြစ်ပါတယ်။
ဖဲထောင်းထန်းရှင်နာဝပ်ရဲ့ အစိုးရအဖွဲ့အမျိုးသမီး ၈ ဦးပါဝင်တယ်လို့ ထိုင်းရုပ်သံ PBS က ဖော်ပြပါတယ်။
နိုင်ငံရေးအတွေ့အကြုံမရှိသေးတဲ့ ဖဲထောင်းထန်းက” ပြိုင်ဘက်ပါတီတွေက သူ့ကို အခွင့်အရေး ပေးဖို့နဲ့ အကောင်းဆုံး ကြိုးစားသွားမယ်” လို့ ကြာသပတေးနေ့က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
Source-Reuters