
ကမ္ဘာ့ကြိုးတန်းလျှောက်ချန်ပီယံရှစ်ပြိုင်ပွဲကို ဆွစ်ဇာလန်မှာ ကျင်းပခဲ့ရာမှာ ဂျာမန်သူ စစ်စီလီယာစတော့က ကြိုးတန်းပေါ် အမြန်လျှောက်မှာရော၊ ဖရီးစတိုင်မှာပါ ဗိုလ်စွဲခဲ့ပါတယ်။
စတော့ဟာ ဘရာဇီးသူ အီရစ်ကာဆက်ဒလက်ကို အနိုင်ယူပြီး ကမ္ဘာ့ပထမဆုံး ကြိုးတန်းအမြန်လျှောက် အမျိုးသမီးချန်ပီယံဖြစ်လာပါတယ်။
စတော့ဟာ အနိုင်ရဖို့အတွက် မီတာ ၁၀၀ ရှည်တဲ့ ကြိုးတန်းမှာ မီတာ ၆၀ ကို ၅၂ ဒသမ ၄၂ စက္ကန့်နဲ့ လျှောက်ခဲ့တာဖြစ်ပါတယ်။
အမျိုးသမီးဖရီးစတိုင်မှာလည်း စတော့က “၃၆၀ အယ်လ်မိုက်တီး”လို့ ခေါ်တဲ့ အကွက်နဲ့ အမှတ်အများဆုံးရခဲ့ပြီး အမျိုးသမီးချန်ပီယံ ဆုနှစ်ဆုစလုံးယူခဲ့တာပါ။
အမျိုးသားပြိုင်ပွဲမှာတော့ ဂျာမန်သားဆက်ချာဂရီးလ်က ဗင်နီဇွဲလားသားကို အနိုင်ယူပြီး ကမ္ဘာ့စံချိန်သစ်ပါ တင်ခဲ့ပါတယ်။ သူက ၂၆ ဒသမ ၇၆ စက္ကန့်နဲ့ ကြိုးတန်းပေါ်မီတာ ၆၀ လျှောက်ခဲ့တာပါ။
အမျိုးသားဖရီးစတိုင်မှာတော့ စပိန်က ဒေးဗစ်ပါလ်လိုမိုက လက်ရှိချန်ပီယံ အမေရိကန်နိုင်ငံသား ဟားမီးစ်ကို အနိုင်ယူခဲ့ပါတယ်။ ပယ်လိုမိုဟာ “လူဝံ” လို့ ခေါ်တဲ့ အကွက်နဲ့ အနိုင်ယူခဲ့ပြီး မနှစ်ကရှုံးကြွေးကို ဆပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
Photo-Reuters