Home
အားကစား
ရက်ရှ်ဖို့ဒ်ကို ပိုကောင်းသည့်အသင်းတွင် မြင်တွေ့ချင်ဟု ရှဝိန်းစတိုင်းဂါ ပြော
DVB
·
April 20, 2024

မန်ယူအသင်း တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကို ပိုကောင်းတဲ့ အသင်းတသင်းမှာ မြင်တွေ့ချင်ကြောင်း အသင်းဖော်ဟောင်းဖြစ်သူ ရှဝိန်းစတိုင်ဂါက ပြောသွားပါတယ်။ 

အင်္ဂလန်တိုက်စစ်မှူးဟာ မနှစ်က သွင်းဂိုး ၃၀ အထိ ရရှိခဲ့ပေမဲ့ အခုနှစ် ဘောလုံးရာသီမှာတော့ ခြေစွမ်းပြဖို့ ရုန်းကန်နေရပြီး ကွင်းတွင်း၊ ကွင်းပြင်မှာ ဝေဖန်မှုတွေလည်း ခံနေရတာပါ။

ရှဝိန်းစတိုင်ဂါဟာ ၂၀၁၆ ခုနှစ်က နည်းပြ လူးဝစ်ဗန်ဟားလ် လက်ထက်မှာ ရက်ရှ်ဖို့ဒ်နဲ့ တွဲဖက်ကစားခဲ့ဖူးပါတယ်။ 

ရက်ရှ်ဖို့ဒ်ဟာ ပွဲကို အဆုံးအဖြတ်ပေးနိုင်တဲ့ ကစားသမားတဦးအဖြစ် ဆက်ရှိနေဆဲဖြစ်ပြီး မန်ယူအသင်းမှာ မဟုတ်ဘဲ တခြားအသင်းမှာဆိုရင် သူ့ရဲ့အဆင့်အတန်း ပိုမိုမြင့်မားလာနိုင်ကြောင်း ရှဝိန်းစတိုင်ဂါက ပြောပါတယ်။ 

မန်ယူတိုက်စစ်မှူးဟောင်း ဝိန်းရွန်းနီကလည်း ရက်ရှ်ဖို့ဒ်အနေနဲ့ မန်ယူအသင်းကနေ ထွက်ခွာပြီး ပိုကောင်းတဲ့အသင်း တသင်းဆီ ပြောင်းရွှေ့သင့်ကြောင်း တိုက်တွန်းခဲ့ဖူးပါတယ်။ 

Photo - REUTERS/Phil Noble

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024