Home
နိုင်ငံတကာ
နှင်းခဲပျော်ပြီး ရေကြီးမှုကြောင့် အိုရန်ဘာ့ဂျ်မြို့ခံများကို အမြန်ရွှေ့ပြောင်းရန် ညွှန်ကြား
DVB
·
April 13, 2024

နှင်းခဲပျော်ရာကနေ မြစ်ကြီးတွေမှာ ရေလျှံပြီး ရုတ်တရက်ရေကြီးလာတဲ့အတွက် ရုရှားနိုင်ငံ၊ အိုရန်ဘာ့ဂျ်မြို့မှ ဒေသခံတွေဘေးလွတ်ရာကို အလျင်အမြန်ရွှေ့ပြောင်းကြဖို့ ဧပြီ ၁၂ ရက်မှာ အာဏာပိုင်တွေက တိုက်တွန်းခဲ့ပါတယ်။ 

အပူချိန်ရုတ်တရက်မြင့်တက်လာတာကြောင့် နှင်းနဲ့ရေခဲတွေပျော်လာတဲ့အတွက် နောက်ထပ် ရုရှားဒေသ တခုဖြစ်တဲ့ ကာဂန်နဲ့ အိမ်နီးချင်းကာဇက်စတန်တို့မှာလည်း လူ ၁ သိန်းလောက် ဘေးလွတ်ရာရွှေ့ပြောင်းပေးခဲ့ပြီးဖြစ်ပါတယ်။ 

ရုရှားယူရဲလ်တောင်တန်း၊ ဆိုက်ဘေးရီးယားနဲ့ ကာဇက်စတန်မှာလည်း ယူရဲလ်မြစ်လို  မြစ်ကြီးတွေ ရေလျှံတဲ့အတွက်  လူ ၁၂၀,၀၀၀ ကျော် ရွှေ့ပြောင်းခဲ့ရပြီးဖြစ်ပါတယ်။

မော်စကိုမြို့ အရှေ့ဘက် မိုင် ၇၅၀ အကွာမှာရှိတဲ့ လူ ၅ သိန်းလောက်နေထိုင်တဲ့ အိုရန်ဘက်မြို့ တချို့နေရာတွေမှာပါ လူအစုလိုက်အပြုံလိုက်ရွှေ့ပြောင်းဖို့ ဒေသအာဏာပိုင်တွေက ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။ 

“မြို့မှာ အချက်ပေးဥဩသံတွေ ဆူညံနေပါပြီ။ ဒါကလေ့ကျင့်တာမဟုတ်ပါဘူး။ အစုလိုက် အပြုံလိုက် ရွှေ့ပြောင်းနောတာဖြစ်ပါတယ်”လို့ မြို့တော်ဝန် ဆာဂေးဆဲလ်မင်က တယ်လီဂရမ်မှာ ရေးသားထားပါတယ်။

အိုရန်ဘာ့ဂျ်မှာ လူ တသောင်းကျော် ရွှေ့ပြီးပြီဖြစ်ပြီး တချို့ဒေသခံတွေကတော့ အထက်မြင့် အဆောက်အအုံတွေ ရေမလွှမ်းအောင်လို့ တမံတွေ တုတ်တာ၊ ရွှံ့မြေဖို့တာတွေ လုပ်နေကြတယ်လို့ ဆိုပါတယ်။ 

ယူရဲလ်မြစ်ရေဟာ စိုးရိမ်ရေအမှတ်အထက် ၂ မီတာ လောက် ကျော်လွန်နေတယ်လို့ အရေးပေါ် ကယ်ဆယ်ရေးလုပ်သားတွေက ပြောပါတယ်။

Source/Photo - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024