Home
အားကစား
လုပ်ခအများဆုံးရသည့် နည်းပြစာရင်းတွင် တီကိုနည်းပြ ဆီမြွန်နီက ထိပ်ဆုံးမှရပ်တည်
DVB
·
March 26, 2024

ဥရောပရဲ့လုပ်ခအများဆုံး နည်းပြတွေစာရင်းမှာ အက်သလက်တီကိုနည်းပြ ဒီယေဂိုဆီမြွန်နီက ထိပ်ဆုံး နေရာမှာ ရပ်တည်နေပါတယ်။

ပြင်သစ်သတင်းစာL’Equipe ရဲ့ ဖော်ပြချက်အရ တီကိုနည်းပြဟာ တလကို လုပ်ခပေါင် ၂ဒသမ ၄၂ သန်းရရှိနေပြီး ဒုတိယနေရာက ဂွါဒီယိုလာထက် နှစ်ဆနီးပါး လုပ်ခပိုရနေတာ ဖြစ်ပါတယ်။

မန်စီးတီးနည်းပြဂွါဒီယိုလာက တလကို ပေါင် ၁ ဒသမ ၆၆ သန်းရရှိနေပြီး ယာဂန်ကလော့ပ်က တလကို ပေါင် ၁ ဒသမ ၂၅သန်းနဲ့ တတိယနေရာမှာ ရပ်တည်နေပါတယ်။

ဒါ့အပြင် ဂျူဗင်တပ်နည်းပြအယ်လီဂရီက တလကို ပေါင် ၉၂၀၀၀၀ ၊ ချဲလ်ဆီးနည်းပြပိုချက်တီနိုက တလကို ပေါင် ၈သိန်းကျော် အသီးသီးရရှိနေကြတာပါ။

အဲဒီနောက်မှာ ဘိုင်ယန်နည်းပြတူဟယ်၊ ပီအက်စ်ဂျီနည်းပြ အင်းနရစ်နဲ့ ရီးယဲလ်နည်းပြအန်စလော့တီတို့က အစဉ်လိုက်ရပ်တည်ပါတယ်။ 

Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024