Home
မြန်မာသတင်း
မြန်မာရှေ့နေ ဒေါ်မဉ္ဇူဝင်း နိုင်ငံတကာ အမျိုးသမီးသတ္တိရှင်ဆု ရရှိ
DVB
·
March 5, 2024

အမေရိကန်အစိုးရက ပေးအပ်တဲ့ ၂၀၂၄ ခုနှစ်အတွက် နိုင်ငံတကာအမျိုးသမီးသတ္တိရှင်များဆုကို  မြန်မာရှေ့နေ ဒေါ်မဉ္ဇူဝင်းက ရရှိသွားပါတယ်။  

ဆုပေးပွဲကို ဝါရှင်တန်ဒီစီရှိ သမ္မတအိမ်ဖြူတော်မှာ မတ်လ ၄ ရက်က ကျင်းပရာမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်နဲ့ သမ္မတကတော် ဂျေးဘိုင်ဒန်တို့က တက်ရောက် ဆုချီးမြှင့်ခဲ့ပါတယ်။

၂၀၂၄ ခုနှစ် နိုင်ငံတကာ အမျိုးသမီးသတ္တိရှင်ဆုတွေကို မြန်မာအပါအဝင် အာဖဂန်နစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ ဘဲလာရုစ်၊ ဘောစနီးယား၊ ကျူးဘား၊ အီကွေဒေါ၊ ဂန်ဘီယာ၊ အီရန်၊ ဂျပန်၊ မော်ရိုကိုနဲ့ ယူဂန်ဒါနိုင်ငံတွေက အမျိုးသမီးတွေ ရရှိခဲ့ကြပါတယ်။

မြန်မာနိုင်ငံတွင်းမှာ ရာဇဝတ်မှုခင်းတွေကို အခမဲ့ရှေ့နေလိုက်ပေးခဲ့သူ မြန်မာအမျိုးသမီး ရှေ့နေ ဒေါ်မဉ္ဇူဝင်းက ဥပဒေအရ အကျိုးဆောင်မှုတွေအတွက် ဆုရရှိခဲ့ပါတယ်။

နိုင်ငံတကာအမျိုးသမီးသတ္တိရှင်ဆုကို အရင်က မြန်မာအမျိုးသမီးတွေဖြစ်တဲ့ ဒေါ်ဇင်မာအောင်၊ ဒေါ်မေစံပယ်ဖြူ၊ နော်ကညောဖော်၊ ဒေါ်ဖြိုးဖြိုးအောင်နဲ့ ဒေါ်အိသဉ္ဇာမောင်တို့လည်း ရရှိခဲ့ဖူးပါတယ်။

Photo Credit -The White House

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024