Home
မြန်မာသတင်း
မိုးညှင်းမြို့၌ သတင်းထောက်ဟောင်း ၁ ဦး ဖမ်းဆီးခံရပြီးနောက် ပျောက်ဆုံးနေ
DVB
·
October 22, 2023

ကချင်ပြည်နယ်၊ မိုးညှင်းမြို့၊ စိမ်းရတနာမွန်မြောက်ရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၆၀ ဝန်းကျင်ရှိ သတင်းထောက်ဟောင်း ဦးမောင်ဦးဟာ အောက်တိုဘာ ၁၄ ရက်က အမည်မသိ လူတစ်စုက ဖမ်းဆီးခေါ်ဆောင်သွားခံရပြီးနောက် ယနေ့အချိန်အထိ သတင်းအစအန ပျောက်နေတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။

ပျောက်ဆုံးနေသူဟာ မြစ်ကြီးနား အခြေစိုက် ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက် EPN သတင်းမီဒီယာဌာနမှာ အလွတ်တန်းသတင်းထောက်အဖြစ် သတင်းရေးသားပေးပို့တဲ့ သတင်းထောက်ဟောင်းတစ်ဦးဖြစ်တယ်လို့  နီးစပ်သူတွေက ပြောဆိုပါတယ်။

မိုးညှင်းမြို့ခံအမျိုးသား တစ်ဦးက “သူ့အလောင်းကို အမှိုက်ပုံမှာ ပစ်ထားတယ်ဆိုပြီး ပြောနေကြလို့ရှာကြတယ်။ ဒါပေမဲ့ မဟုတ်ပါဘူး ”လို့ ပြောပါတယ်။

ဦးမောင်ဦးကို ဘယ်အဖွဲ့အစည်းက ဘာကြောင့်ဖမ်းဆီးသွားတယ်ဆိုတာမသိရသေးသလို ဘယ်အဖွဲ့ကမှလည်း သူနဲ့ပတ်သက်ပြီး ထုတ်ပြန်ပြောဆို အသိပေးလာတာမျိုးမရှိသေးဘူးလို့ ဒေသခံ သတင်းလောကနဲ့  နီးစပ်သူတစ်ဦးကဆိုပါတယ်။

ပြီးခဲတဲ့ စက်တင်ဘာ ၄ ရက်နေ့ကလည်း မိုးညှင်းမြို့မှာ အလွတ်တန်း သတင်းထောက်ဟောင်း ဦးသန်းထွန်းအောင်(ခ) အားဖူဆိုသူ ပစ်ခတ်သတ်ဖြတ်ခံခဲ့ရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024