
တောင်ပံတိုက်စစ်မှူး ဂရင်းဝုဒ်ကိစ္စ စုံစမ်းစစ်ဆေးပြီးဖြစ်ပေမဲ့ ဆုံးဖြတ်ချက်မချသေးကြောင်း မန်ချက်စတာယူနိုက်တက်အသင်းက တရားဝင် သတင်းထုတ်ပြန်သွားပါတယ်။
ဂရင်းဝုဒ်ဟာ အတူနေချစ်သူ အမျိုးသမီးတစ်ဦးကို အဓမ္မကျင့်ဖို့ ကြိုးပမ်းမှု၊ ကိုယ်ထိလက်ရောက် ကျူးလွန်မှု စတဲ့ အမှုတွေနဲ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ တရားစွဲဆိုခံခဲ့ရပြီး အခုနှစ် ဖေဖော်ဝါရီလမှာ ကျေအေးမှုနဲ့ ပြန်လည်လွတ်မြောက်လာခဲ့သူပါ။
ဒါပေမဲ့ ယူနိုက်တက်ဘက်က အသင်းအတွင်းမှာ စုံစမ်းစစ်ဆေးမှု ဆက်လက်ပြုလုပ်ခဲ့တာဖြစ်ပြီး ၅ လကျော်ကြာခဲ့ပြီးနောက် စစ်ဆေးမှုပြီးဆုံးခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့တာပါ။
ဒါပေမဲ့ ဂရင်းဝုဒ်ရဲ့ အနာဂတ်နဲ့ပတ်သက်လို့ မဆုံးဖြတ်သေးကြောင်း၊ နောက်ဆုံးအဆင့် ဆုံးဖြတ်ချက်ဟာ အကြိတ်အနယ် ဆွေးနွေးသွားရမယ့်ကိစ္စဖြစ်ပြီး စိတ်ရှည်သည်းခံပေးကြဖို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
မန်ယူအသင်းရဲ့ အမျိုးသမီးပရိသတ်အဖွဲ့တွေကတော့ ဂရင်းဝုဒ် အသင်းမှာ ဆက်ရှိမှာကို မလိုလားကြောင်း ဆန္ဒပြ တောင်းဆိုမှုတွေ လုပ်ခဲ့ကြပါတယ်။