Home
မြန်မာသတင်း
ချင်းတွင်းမြစ်အတွင်း ကျောက်စိမ်းတင်လာသည့် စစ်ကောင်စီရေယာဉ် တိုက်ခိုက်ခံရ
DVB
·
May 31, 2022
284604420_1212602159475638_1409330992075878752_n

စစ်ကိုင်းတိုင်း၊ ကနီမြို့အထက် ချင်းတွင်းမြစ်ကြောင်းအတိုင်း ကျောက်စိမ်းတွေ တင်ဆောင်ကာ စုန်ဆင်းလာတဲ့ စစ်ကောင်စီ စက်လှေအသေး ၅ စီးနဲ့ ဖလက်ယာဉ် ၇ စီးကို ဆရာစံ PDF နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့ ၇ ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဆရာစံ PDFအဖွဲ့ တာဝန်ရှိသူက "သူတို့တွေက ကျောက်စိမ်းတွေကို ကုန်းကြောင်းအတိုင်းသယ်ရင် တိုက်ခိုက်ခံရမှာစိုးလို့ ရေကြောင်းကနေသယ်လာတာနေမယ်။ ကျနော်တို့က သေချာစောင့်ကြည့်ပြီး ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။ သူ့တို့ဘက်က ဖလက် တစ်စီး ပျက်စီးသွားတယ်။ ထိခိုက်သေဆုံးမှုတော့ မသိလိုက်ရဘူး”လို့ ပြောပါတယ်။ 

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မြစ်ကမ်းရိုးတစ်လျှောက်မှာရှိတဲ့ အထက်ကင်း၊ အောက်ကင်းနဲ့ ကဲဒေါင်း ကျေးရွာ ၃ ရွာကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ 

အဆိုပါတိုက်ခိုက်မှုကို ဆရာစံ-PDF ၊ MPDF(DEMO) ၊ GTF- EAGLE FREEDOM FIGHTER ၊  KPDF 2၊ DRPA ၊ မဟူရာကျားရိုင်း ၊ နယ်မြေခံပကဖစတဲ့ ပူးပေါင်းမဟာမိတ် ၇ ဖွဲ့က တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က စက်သေနတ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမဲ့ မဟာမိတ်တွေဘက်က  ထိခိုက်မှုမရှိခဲ့ဘူးလို့သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024