
မကွေးတိုင်း၊ ထီးလင်းမြို့နယ်မှာ ဧပြီ ၁ ရက်နေ့ နေ့လယ်ပိုင်းက ထန်းပင်ကုန်းရွာနဲ့ ဝက်သက်ရွာဆီသို့ ဦးတည်လာတဲ့ စစ်ကောင်စီတပ်တွေရဲ့ စစ်ကြောင်းကို ယောဒေသကာကွယ်ရေးတပ်ဖွဲ့ YDFက ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။
တိုက်ပွဲဖြစ်စဉ် ၁ နာရီအတွင်းမှာ လက်နက်ကြီးတွေနဲ့ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ခဲ့ကြပြီး YDF ဘက်မှ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကာ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှု ရှိနိုင်ပေမဲ့ အတည်မပြုနိုင်သေးဘူးလို့ YDF တပ်ဖွဲ့ဝင်က ပြောပါတယ်။
အဲ့တိုက်ပွဲဖြစ်စဉ်အပြီး ညနေ ၃ နာရီလောက်မှာ စစ်ကောင်စီတပ်သားတွေက ဝက်သက်ကျေးရွာ အတွင်း စစ်ကြောင်းထိုးဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်တွေ ဝက်သက်ကျေးရွာတွင်းသို့ စက်ကြောင်းထိုးဝင်ရောက်နေတာကြောင့် ဒေသခံပြည်သူတွေ ဘေးလွတ်ရာ ထွက်းပြေးတိမ်းရှောင်နေကြရပါတယ်။