Home
မြန်မာသတင်း
ဒဂုံမြို့သစ် အရှေ့ပိုင်းတွင် မီးလောင်
DVB
·
February 17, 2022
273767069_461877505721736_8812681569734507558_n

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ် စစ်မှုလယ်ယာ ၁ လမ်းမှာ ဖေဖော်ဝါရီ ၁၇ ရက် မနက် ၇ နာရီ ကျော်က မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

“မနက် ၇ နာရီ ၂၀ က လောင်တာ။ ဘယ်က စလောင်တယ် မသိဘူး။ ၇ နာရီ ၃၅ မိနစ်မှာမီးငြိမ်းတယ်။ နေအိမ်တစ်လုံးပဲ လောင်ပြီး တစ်ခြားကူးစက်မှု မရှိဘူး”လို့ ဒေသခံ က ဆိုပါတယ်။

မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ်မှာလည်း ဖေဖော်ဝါရီ ၁၇ ရက် ဒီနေ့နေ့  ၁၂ နာရီ ၂၅ မိနစ်လောက်က  ရန်ကုန်-မန္တလေး လမ်းဟောင်း မိုင်တိုင် ၃၃၅/၆ နဲ့ ၇ ကြားမှာ ဆီသယ်ယာဥ်တစ်စီး အရှိန်လွန် တိမ်းမှောက်ခဲ့သေးတယ်လို့ ယာဥ်မောင်း တစ်ဦးစီက သိရပါတယ်။

ကားမှောက်ရာမှာ ဆီဘောက်စာက ဆီယိုစိမ့်နေတာကြောင့် ကားမီးလောင်မှု မဖြစ်စေရေး ဝမ်းတွင်းမီးသတ်တပ်ဖွဲ့က Foam မီးသတ်ယာဥ် ၂ စီးနဲ့ အအေးပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024