
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ ပန်းဘဲတန်းရပ်ကွက်မှာရှိတဲ ကမ္ဘောဇဘဏ်ခွဲ (၁) ကို ဇန်နဝါရီ ၂၂ ရက် ညနေ ၆ နာရီလောက်က ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
စစ်ကိုင်းမြို့ ကမ္ဘောဇဘဏ်ခွဲတိုက်မှုကို မိုးကြိုးပြောက်ကျားတပ်ဖွဲ့က လုပ်ဆောင်တာဖြစ်ပြီး ထိခိုက်အပျက်အစီးမှုကိုတော့ မသိရှိရသေးဘူးလို့လည်း ထုတ်ပြန်ထားပါတယ်။
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်မှာလည်း ပြည်ကြီးပျော်ဘွယ်အနောက်ရပ်ကွက်ရှိ ကမ္ဘောဇဘဏ် ပြည်ကျော်ဈေးဘဏ်ခွဲကို ဇန်နဝါရီ ၂၂ ရက် ညနေ ၆ နာရီကျော်က မီးပုလင်းနဲ့ ပစ်ခံခဲ့ရပါတယ်။