Home
မြန်မာသတင်း
မော်လမြိုင်တွင် မိသားစုအလိုက် ဓားဖြင့် ခုတ်ခံရ၊ ၂ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာ ပြင်းထန်
DVB
·
November 14, 2021
255102689_1745042289160032_7769824963974096520_n

မွန်ပြည်နယ် မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်က နေအိမ်တစ်ခုမှာ နိုဝင်ဘာ ၁၃ ရက် ည ၇ နာရီခွဲလောက်က မိသားစုအလိုက် ဓားနဲ့ ခုတ်သတ်ခံခဲ့ရတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက  ပြောပါတယ်။

မိသားစုအလိုက် ထမင်းစားနေချိန် အရင်က အလုပ်သမားတစ်ဦးက ဓားနဲ့ လာရောက် ခုတ်သတ်သွားခဲ့တာ ဖြစ်ပါတယ်။

ဓားနဲ့ ခုတ်သတ်ခံရတာကြောင့် ခင်ပွန်းဖြစ်သူနဲ့ အသက် ၇ နှစ်အရွယ် သားငယ်တို့ အခင်းဖြစ်ရာ နေရာမှာပဲ သေဆုံးသွားခဲ့ပါတယ်။

ဇနီးဖြစ်သူကတော့ ဦးခေါင်း၊ လည်ပင်းနဲ့ လက်ကောက်ဝတ် ပြတ်လုနီးပါး ဒဏ်ရာရရှိခဲ့ပြီး အသက် ၁၃ နှစ်အရွယ် သမီးဖြစ်သူ ဦးခေါင်းနဲ့ လည်ပင်းတို့မှာ ပြင်းထန် ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

ဇနီးဖြစ်သူနဲ့ အသက် ၁၃ နှစ်အရွယ် သမီးဖြစ်သူတို့ကို မော်လမြိုင်ပြည်သူ့ဆေးရုံမှာ ညတွင်းချင်း အရေးပေါ်ကုသမှုတွေ လုပ်ဆောင်ခဲ့ပြီးနောက် အသက်အန္တရာယ် မစိုးရိမ်ရတော့ဘူးလို့ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ဇနီးဖြစ်သူ ပြောပြချက်အရ ဓားနဲ့ လာခုတ်တဲ့သူဟာ အရင်က ဆိုင်မှာ အလုပ်လုပ်ကိုင်သူဖြစ်ပြီး အိမ်ထောင် ရှိလျက်နဲ့ နောက်အိမ်ထောင်ပြုဖို့ လုပ်ဆောင်တဲ့အတွက်ကြောင့် ခေါ်ဆူခဲ့လို့ အလုပ်ကနေ သူ့ဘာသာသူ ထွက်သွားပြီးနောက် မနေ့ညက အလုပ်ရှင် မိသားစုကို ဓားနဲ့ လာရောက် ခုတ်သတ်သွားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအချိန်ထိ ဓားနဲ့ လာရောက် ခုတ်သတ်သွားတဲ့ တရားခံကို ဖမ်းဆီးရခြင်း မရှိသေးဘူးလို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024