
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်၊ ၉၁ လမ်း၊ ၃၅ လမ်းနဲ့ ၃၆ လမ်းကြားမှာ စက်တင်ဘာလ ၂၄ ရက် မွန်းလွဲ ၃ နာရီကျော်က စစ်ကောင်စီတပ်သားတွေရဲ့ ပစ်ခတ်ဖမ်းဆီးမှုကြောင့် အမျိုးသား တယောက် ကျည်ဆန်ထိမှန် သေဆုံးသွားပါတယ်။
သေဆုံးသူဟာ အသက် ၃၀ ဝန်းကျင်ရှိ ကိုရဲရင့်ဖြစ်ပြီး ခံဝန်နဲ့နေထိုင်သူဖြစ်ကာ စစ်ကောင်စီတပ်သားတွေက ထွက်ပြေးတယ်ဆိုပြီး ပစ်ခတ်ဖမ်းဆီးရာကနေ သေဆုံးသွားတာလို့ စိန်ပန်းရပ်နေ ပြည်သူတစ်ဦးက ပြောပါတယ်။
“ခံဝန်နဲ့ ဟာကို လာဖမ်းတာ။ ဖမ်းတဲ့အချိန် ကွမ်းထွေးတာကို ထွက်ပြေးတယ်ဆိုပြီး ပစ်တယ်။ ခေါင်းနဲ့ နောက်ကြောကို မှန်ပြီး သေသွားတာ။”
သေဆုံးသူကို မဟာလူမှုကူညီရေးအသင်းကားနဲ့ မန္တလေးဆေးရုံကြီးကို ပို့လိုက်တယ်လို့ သိရပါတယ်။