Home
မြန်မာသတင်း
ရန်ကုန် ၄၄ လမ်းတွင် ကျဆုံးခဲ့သည့် သူရဲကောင်းများကို ရည်စူးကာ ရှမ်းလူငယ်များ ဆွမ်းကပ်လှူ
DVB
·
August 13, 2021
238140045_1440383309666140_363757757499281728_n
237526154_1440383519666119_4481792900555394468_n
237444062_1440383432999461_6315765456821842338_n
235058546_1440383336332804_972977633798832324_n
234800496_1440383342999470_3652423454823188300_n
233691535_1440383579666113_2020915033457444253_n

စစ်ကောင်စီရဲ့ ဖမ်းဆီးမှုကိုမခံဘဲ တိုက်ပေါ်က  ခုန်ချရင်း ကျဆုံးခဲ့ကြတဲ့ ရန်ကုန်မြို့ ၄၄ လမ်းက လူငယ်တွေကို ရည်စူးပြီး ရှမ်းပြည်နယ်တစ်နေရာမှာ ရှမ်းလူငယ်တွေက ကောင်းမှုကုသိုလ်ပြုလုပ်ခဲ့ကြပါတယ်။

ရှမ်းပြည်နယ်အတွင်းက ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့ကြတာ ဖြစ်ပြီး ရန်ကုန်မြို့ ၄၄ လမ်းမှာ ကျဆုံးသွားတဲ့ သူရဲကောင်းတွေကို အမျှပေးဝေခဲ့တယ်လို့ ရှမ်းလူငယ်တွေက ပြောပါတယ်။  

ရှမ်းလူငယ်တွေအနေနဲ့ မတရားမှုမှန်သမျှ၊ အာဏာရှင်မှန်သမျှကို တွန်းလှန်တိုက်ခိုက်နေတဲ့ လူငယ်တွေနဲ့အတူ အမြဲအတူရှိနေတာကို ပြသခြင်းဖြစ်တယ်လို့ ဆွမ်းကပ်လှူရာမှာ ပါဝင်ခဲ့တဲ့ လူငယ်တစ်ဦးက ပြောပါတယ်။ 

ဩဂုတ် ၁၀ ရက်က ရန်ကုန်မြို့ ၄၄ လမ်းက တိုက်တစ်တိုက်နေထိုင်တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လုပ်ဆောင်တဲ့လူငယ်တွေကို စစ်ကောင်စီက ဝင်ရောက်ဖမ်းဆီးရာမှာ လူငယ် ၅ ဦးက အဖမ်းမခံဘဲ တိုက်ပေါ်ကနေ ခုန်ချခဲ့တာဖြစ်ပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024