Home
မြန်မာသတင်း
နှစ် ၁၀၀ ကျော် သက်တမ်းရှိ ​ရွှေလီကြိုးတံတား ကျိုးကျ
DVB
·
November 23, 2020
127162167_3750060685044213_5873536934064339053_n
127009535_3750060498377565_1990706746003121625_n
126905572_3750055971711351_5007967845515543886_n
126805575_3750055791711369_6264152880065122327_n
125885461_3750055915044690_9055575043412586065_n
125816903_3750056051711343_2900992716705239677_n
ရှမ်းပြည်နယ် ​မြောက်ပိုင်း နမ့်ခမ်းအထွက်ရှိ ​ရွှေလီ ကြိုးတံတားဟာ ဒီကနေ့  နိုဝင်ဘာ ၂၃ ရက်နေ့ ​မွန်းတည့် ၁၂ နာရီကျော်က ကျိုးကျသွားတယ်လို့ ​သိရပါတယ်။ အဲဒီတံတားဟာ သက်တမ်း နှစ်ပေါင်း ၁၀၀ ကျော်ပြီဖြစ်ပြီး အသုံးအပြုတော့တာ ၈ နှစ်လောက် ရှိနေပြီလို့ နမ့်ခမ်းက  ကျားဖြူပါတီ ဥက္ကဋ္ဌ ဒေါက်တာစိုင်းကျော်အုန်းက ပြောပါတယ်။  “တံတားက တော်တော်ကြာပြီ နှစ်ပေါင်း ၁၀၀ ကျော်သွားပြီလေ။ သုံးလည်းမသုံးတော့ဘူး၊ အလှပဲ ထားထားတာ။ အင်္ဂလိပ်ခေတ်တုန်းက ဆောက်ထားတဲ့ဟာလေ။ အဲဒါမြစ်ထဲကျ သွားတာပေါ့နော်။ ” တံတားဟာ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့အထွက် ကချင်ပြည်နယ် ဗန်း​မော်မြို့ဘက်ကိုသွားတဲ့ နမ့်ခမ်းလမ်းမကြီးပေါ် တည်ရှိပြီး ဒေသခံလူထု အဓိက အားထားခဲ့ရတဲ့ တံတားဖြစ်တယ်လို့ ဆိုပါတယ်။ ဓာတ်ပုံ -  မွေလျန်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024