Home
မြန်မာသတင်း
အမျိုးသားလိင်တူ BL ရုပ်သံစီးရီးစ်-“စည်း”တွင် ပါဝင်မည့် သရုပ်ဆောင်များ ထွက်ပေါ်
DVB
·
September 16, 2020
Untitled-1
119529884_162850248778724_4984424120637816763_o
119449171_162528905477525_1781492054397392915_o
119231128_163209022076180_7260511135533693883_o
119169760_163222542074828_3427790061773434911_o
119122738_162177645512651_5958646613257420073_o
အမျိုးသားလိင်တူ BL ရုပ်သံစီးရီးစ်သစ် “စည်း”ထဲမှာ ပါဝင်ကြမယ့် သရုပ်ဆောင်တွေ ထွက်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။        နောက်ဆုံး အပြီးသတ်ရွေးချယ်မှုအရ ဒီရုပ်သံစီးရီးစ်ထဲမှာတော့ သရုပ်ဆောင်မော် ဒယ်လ်တွေ ဖြစ်ကြတဲ့ ချာလီ၊ ထက်ဦးထွဋ်၊ စစ်မင်းထက်၊ ဇေယျာထက်နဲ့ လီလီကျော်ခိုင် တို့က ခေါင်းဆောင်ပါဝင်သွားကြမှာ ဖြစ်ပါတယ်။ ဒီရုပ်သံစီးရီးစ်ကိုတော့ King 7 Dynasty Production က စီစဉ်ပြီး စာရေးဆရာမ အကြင်နာမွန်ရဲ့ “စည်း” နာမည်နဲ့ပဲ ရေးသားထုတ်ဝေခဲ့တဲ့ ဝတ္ထုကို ရုပ်သံဇာတ်လမ်းတွဲ အနေနဲ့ ရိုက်ကူးတင်ဆက်သွားမှာ ဖြစ်ပါတယ်။ ထာဝရပုံပေ၊ ကြယ်တွေကြွေသောညစတဲ့ စာအုပ်တွေရေးသားခဲ့တဲ့ စာရေးဆရာ မ အကြင်နာမွန်ရဲ့ စည်းဝတ္ထုကတော့ အကြိမ်ကြိမ်ထပ်မံပုံနှိပ်ထုတ်ဝေခဲ့ရတဲ့ စာအုပ်တ အုပ် ဖြစ်ခဲ့ပြီး လက်ရှိမှာတော့ ဒီဇာတ်လမ်းကို ဖန်သားပြင်ပေါ်မှာ ခံစားကြည့်ရှုနိုင်တော့ မှာ ဖြစ်ပါတယ်။        စည်းရုပ်သံစီးရီးစ်ထဲမှာ ပါဝင်မယ့် အဓိကဇာတ်ကောင်တွေဖြစ်ကြတဲ့ ခွန်းဆက်ပိုင်၊ ခွန်းထက်ပိုင်၊ ရန်နိုင်၊ မင်းသူ၊ ရွှေစင်စတဲ့ ဇာတ်ကောင်တွေနေရာတွေအတွက် လိုက်ဖက် သင့်တော်မယ့် သူတွေကိုတော့ အဆင့်ဆင့်ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။        လတ်တလောမှာတော့ ဒီစီးရီးစ်ကို ရိုက်ကူးတင်ဆက်မယ့်အချိန်နဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024