Home
မြန်မာသတင်း
တာချီလိတ်တွင် ဂိုဏ်းဖွဲ့ပြီး ညဘက်ဆိုင်ကယ်လိုက်ခိုးနေသူများကို ဖမ်းမိ
DVB
·
August 12, 2020
117795808_3739807602701352_6925067382183390156_o
ရှမ်းပြည်နယ်၊ တာချီလိတ်မြို့မှာ ဂိုဏ်းဖွဲ့ပြီး ညဘက်လိုက်လံဆိုင်ကယ်ခိုးယူနေသူတွေနဲ့  သူခိုးလက်ခံဆိုင်ကယ်ပြင်ဆိုင်ကသူတွေကို ဩဂုတ် ၁၁ ရက်နေ့ညက ဖမ်းဆီးရမိခဲ့တယ်လို့ တာချီလိတ်မြို့မရဲစခန်းက သိရပါတယ်။ တာချီလိတ်မြို့မှာ ဆိုင်ကယ်ပျောက်ဆုံးမှုတွေ နေစဉ်ဖြစ်ပွားနေပြီး အုပ်စုဖွဲ့ ဂိုဏ်းအလိုက် လိုက်လံခိုးယူတာတွေရှိနေတာပါ။ မနေ့ညကတော့ မြို့ထဲမှာ ရဲတပ်ဖွဲ့က ပိတ်ဆို့ စစ်ဆေးမှုတွေလုပ်နေချိန်မှာ မသင်္ကာစရာ ဆိုင်ကယ်နှစ်စီးမောင်းလာတဲ့သူ၂ ဦးကို တားဆီးစစ်ဆေးရာက တစ်စီး မောင်းနှင် ထွက်ပြေးသွားပြီး စစ်ဆေးချက်အရ ခိုးယူလာတဲ့ဆိုင်ကယ်တွေလို့ စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။ တာချီလိတ်မြို့မစခန်းက တာဝန်ရှိသူက “မနေ့ညက ဖမ်းမိတဲ့သူခိုးကို စစ်ဆေးလိုက်တော့ သူတို့အရင်ကခိုးထားတဲ့ ဆိုင်ကယ် ၇ စီးအပြင် သူခိုးလက်ခံပြီး ဝယ်ပေးနေတဲ့ မယ်ခေါင်ရပ်ကွက်ထဲက ဆိုက်ကယ်ပြင်ဆိုင်ကလူတွေပါ ဖမ်းမိခဲ့တယ်။ ဆိုင်ကယ်တွေကိုတော့ ပုံဖျက်ထားကြတာပါ”လို့ ပြောပါတယ်။ လက်ရှိမှာ ခိုးရာပါဆိုင်ကယ် ၇ စီးနဲ့ ဆိုင်ကယ်သူခိုး ၃ ဦး ခိုးရာပါလက်ခံသူ ၃ ဦးကို ဖမ်းဆီးရမိထားပြီလို့သိရပါတယ်။ တစ်ခြားဆိုင်ကယ်ခိုးယူသူတွေလည်း ရှိနေတယ်လို့ သတင်းရထားပြီး လိုက်လံစုံစမ်းနေတယ်လို့ တာချီလိတ်မြို့မစခန်းက ပြောပါတယ်။ သတင်း- ကိုဇက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024