Home
မြန်မာသတင်း
ပြည်သူ့ဆန္ဒနှင့် ရွေးကောက်ပွဲရလဒ် တထပ်တည်းကျအောင်လုပ်ပေးမည်ဟု ကော်မရှင် ဥက္ကဋ္ဌ ကတိပြု
ဇေယျာချမ်းအေး
·
June 26, 2020
104945866_3235407896516680_1131807124006319780_n
နိုင်ငံရေးပါတီတွေနဲ့ ကိုယ်စားလှယ်လောင်းတွေအတွက် ကျင့်ဝတ်လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ဇွန်လ ၂၆ ရက်နေ့က ရန်ကုန်မြို့ မယ်လီယာဟိုတယ်မှာ ကျင်းပခဲ့တာပါ။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက “ပွင့်လင်းမြင်သာမှုရှိရမယ်၊ အများယုံကြည်လက်ခံ နိုင်ရမယ်၊ ပြည်သူ့ဆန္ဒနဲ့‌ ေရြးေကာက္ပြဲ ရလဒ်တစ်ထပ်တည်းကျရမယ်။ အမဲစက်မရှိ‌အောင်၊ သမာသမတ်ကျ‌အောင် ဆောင်ရွက်‌ပေး သွားမယ်၊ ဝေဖန်နေကြတာတွေကတော့ တစ်ဦးချင်းစီရဲ့ သ‌ဘောထားသာ ဖြစ်ပါတယ်။ ကျနော်တို့က ဘယ်ပါတီကိုမှ ဘက်လိုက်မှာမဟုတ်ပါဘူး”လို့  အခမ်းအနားအဖွင့်မိန့်ခွန်းမှာပြောပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာလမှာရွေးကောက်ပွဲကျင်းပမယ်လို့ ကြေညာအပြီး ပထမဆုံးလူစုလူဝေးနဲ့ အခမ်းအနား ကျင်းပခဲ့တာဖြစ်ပါတယ်။ အခမ်းအနားကိုနိုင်ငံရေးပါတီ ၉၀ ကျော်က  ကိုယ်စားလှယ်တွေ နိုင်ငံတကာသံရုံးတွေက ကိုယ်စားလှယ်တွေနဲ့ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူတွေ တက်ရောက်ခဲ့ပါတယ်။ ဒီကနေ့လက်မှတ်ရေးထိုးတဲ့ကျင့်ဝတ်တွေမှာ ၂၀၂၀အတွက်အထူးပြုချက်တွေပါဝင်ပြီး ဥပဒေလိုအာဏာမတည်ပေမဲ့ နိုင်ငံရေးပါတီတွေက လေးစားလိုက်နာဖို့လိုတယ်လို့ ကော်မရှင် ဥက္ကဋ္ဌက တိုက်တွန်းပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024