အနောက်တောင်တိုင်းစစ်ဌာနချုပ်က COVID-19 ကာကွယ်ရေးပစ္စည်းများ လှူဒါန်း
DVB
·
April 20, 2020
အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ညွန့်ဝင်းဆွေနဲ့ တာဝန်ရှိသူတွေက ဧပြီ ၁၉ ရက်နေ့က ဖျာပုံမြို့ ခုတင် ၂၀၀ ဆေးရုံကြီးမှာ COVID-19 ရောဂါကာကွယ် ကုသရေးအတွက် လိုအပ်တဲ့ ပစ္စည်းတွေ လှူဒါန်းခဲ့ပါတယ်။
PPE ဝတ်စုံ ၂၀၂ စုံ၊ နှာခေါင်းစည်း ၄၀၀၊ N95 ၅၃ ခု၊ လက်အိတ် ၁၂ စုံ၊ ဓာတ်ခွဲခန်းသုံး မျက်မှန် ၆ လက်တို့ကို ခရိုင်အုပ်ချုပ်ရေးမှူးဦးအေးလွင်နဲ့ ဖျာပုံဆေးရုံအုပ်ကြီး ဒေါက်တာတင်လှတို့ဆီ ပေးအပ်လှူဒါန်းခဲ့ပါတယ်။
ဧရာဝတီတိုင်းအတွင်း မြို့နယ်တွေက ဆေးရုံတွေမှာ COVID-19 ရောဂါကွယ် ထိန်းချုပ်ကုသရေးအတွက် လိုအပ်တဲ့ ဆေးရုံသုံး အထောက်အကူပြုပစ္စည်းတွေကို မြို့နယ်အလိုက်ဆေးရုံတွေကို ဆက်လက်လှူဒါန်းသွားမယ်လို့လည်း ဆိုထားပါတယ်။

