Home
မြန်မာသတင်း
တာချီလိတ်မြို့တွင် ၂ ရက်ဆက်တိုက် သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီး တရုတ်လူမျိုး ၁ ဦးသေဆုံး
DVB
·
February 13, 2020
85213879_3263061707042613_2792292813339885568_o
84921432_3263061777042606_4569275093280096256_n
84358963_3263061787042605_1037502015237783552_n
84237803_3263061660375951_7802571948822626304_o
84099927_3263061690375948_1289918969800556544_n
မြန်မာ- ထိုင်းနယ်စပ် ရှမ်းပြည်နယ်၊ တာချီလိတ်မြို့မှာ နှစ်ရက်ဆက်တိုက် သေနတ် ပစ်ခတ်မှုဖြစ်ခဲ့ပြီး ဒီနေ့ ပစ်ခတ်မှုမှာတော့ လူတစ်ဦးသေဆုံးသွားပါတယ်။ ဖေဖော်ဝါရီ ၁၃ ရက် နေ့လည်ပိုင်းမှာ နေအိမ်ရှေ့ ကားပေါ်ကဆင်းလာတဲ့သူတစ်ဦးကို မျက်နှာချင်းဆိုင်ကားပေါ်က သေနတ်နဲ့ ဆက်တိုက်ပစ်ခတ်မှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ သေဆုံးသူဟာ တာချီလိတ် ဆန်ဆိုင်း(က)ရပ်ကွက် ထွန်းလင်းရောင် Night Club ဟောင်းဘေး နေအိမ်မှာ နေထိုင်တဲ့ တရုတ်လူမျိုးတစ်ဦးဖြစ်ပြီး သူ့ကို သေနတ်နဲ့ ၅ ချက်လောက် ဆက်တိုက်ပစ်ခတ်သွားတာပါ။ ပစ်ခတ်ခံရသူဟာ လောက်ကိုင်ဘက်က လာရောက်ပြောင်းရွေ့နေထိုင်တဲ့ တရုတ်လူမျိုးဖြစ်ပြီး ဆေးရုံအရောက်မှာ သေဆုံးသွားတယ်လို့ သိရပါတယ်။ အဆိုပါသေနတ်ပစ်ခတ်မှုနဲ့ ပါတ်သက်ပြီး တာချီလိတ်မြို့မရဲစခန်းက လိုက်လံ စုံစမ်းနေပြီး မနေ့ကလည်း 1G1 ဟိုတယ်ရှိနတ်စင်ကို သေနတ်နဲ့ပစ်ခတ်သွားသူရဲ့နေအိမ်ကနေ မူးယစ်ဆေးဝါးတွေနဲ့  ဂိမ်းစက်တွေကို ဖမ်းမိခဲ့ပြီး တရားခံကိုတော့ ဖမ်းမိခြင်းမရှိသေးပါဘူး။ သတင်း- ကိုဇက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024