Home
မြန်မာသတင်း
ကျားချောင်း ချောင်းခံနေရသည့် ဂေါ်ရန်ဂျီ
DVB
·
October 14, 2019
IMG_9139
IMG_8711
IMG_8688
IMG_8651
IMG_8586
IMG_8547
IMG_8488
IMG_8405
IMG_8387
IMG_8379
IMG_8373
IMG_8328
IMG_8309
IMG_8278
IMG_8185
IMG_8142
IMG_8042
IMG_7969
IMG_7962
IMG_7896
ဂေါ်ရန်ဂျီကျွန်းဆိုတာ မြန်မာနိုင်ငံမှာရှိတဲ့ ပင်လယ်ကမ်းခြေတွေထဲက အထူးခြားဆုံး ကမ်းခြေတခုလည်း ဖြစ်ပြီး သဘာဝကျောက်ဆောင် အလှတွေ၊ သန္တာကျောက်တန်းတွေနဲ့ ရေသယံဇာတတွေ ပေါများတဲ့ ကျွန်းတကျွန်း ဖြစ်ပါတယ်။ 
ကျွန်းတကျွန်းတည်းမှာတင် ပင်လယ်ကမ်းခြေ ၅ ခုလောက် ရှိပါတယ်။ ဂေါ်ရန်ဂျီကျွန်း ဆိုတာ ကမ်းခြေမှာ ရေစိမ်ဖို့သက်သက် မဟုတ်ဘဲ သဘာဝက ပေးထားတဲ့ ကမ်းခြေတခုရဲ့ အလှတရားတွေ အရိုင်းဆန်ဆန်ရှိနေတာ တွေ့မြင်နိုင်ဖို့ အခွင့်အရေးတွေ ရှိနေသေးတဲ့ အလွန်ရှားပါးသော ကမ်းခြေတခုလည်း ဖြစ်ပါတယ်။ ဂေါ်ရန်ဂျီကျွန်း ဆိုတာ ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့ နံသပုကျေးရွာမှာ တည်ရှိတာပါ။ နံသာပုကျေးရွာအုပ်စုမှာ အိမ်ခြေ ၄၀၀ လောက်ရှိပြီး၊ လယ်လုပ်ငန်း၊ အုန်းခြံ၊ မြေပဲ နဲ့ တံငါလုပ်ငန်းတို့ကို လုပ်ကိုင်ကြပါတယ်။ ၂၀၁၄ ခုနှစ်မှာ ဦးသိန်းစိန် အစိုးရက ဂေါ်ရန်ဂျီကျွန်းကို ကျောက်မီးသွေးစီမံကိန်းလုပ်ဖို့ ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမဲ့ ဒေသခံတွေရဲ့ သဘာဝပတ်ဝန်းကျင်အပေါ် တန်ဖိုးထားမှု၊ ဝိုင်းဝန်းကန့်ကွက်မှုတို့ကြောင့် ရပ်တန့်ခဲ့ပါတယ်။   အန်အယ်လ်ဒီ အစိုးရလက်ထက်မှာတော့ ကရင်ပြည်နယ်အတွင်းမှာ ကျောက်မီးသွေးစီးမံကိန်းတွေ လုပ်ဖို့ စီစဉ်ခဲ့တာ ကြားရပြီး ဒေသခံတွေ သဘောမတူတာကြောင့် စီမံကိန်းတွေ မစတင်နိုင်ခဲ့ပါဘူး။ အခု ဂေါ်ရန်ဂျီကျွန်းမှာလည်း ဒေသခံတွေ သဘောမတူတဲ့ ကျောက်မီးသွေးစီမံကိန်းကို လုံးဝ မလုပ်ဆောင်တော့ဘူးလို့ လက်ရှိအစိုးရက ကတိပေးထားတာ မဟုတ်ဘဲ ဒေသခံတွေရဲ့ သဘောထားဆန္ဒကို  မှတ်တမ်းတင်ထားတယ်လို့ သိရပါတယ်။ ဒီနေ့အချိန်မှာတော့ ဂေါ်ရန်ဂျီကျွန်းကို ခရီးသွားဧည့်သည်တွေ များလာပြီး ဒေသခံတွေက ရပ်ရွာအခြေပြု ခရီးသွားဝန်ဆောင်မှုလုပ်ငန်းတွေ လုပ်ဆောင်နေကြတာ တွေ့ရပါတယ်။ သဘာဝအတိုင်း ဆောက်လုပ်ထားတဲ့ ခရီးသွားများ နားခိုရာနေရာတွေ ရှိသလို ခေတ်နဲ့သဘာဝ ပေါင်းစပ်ထားတဲ့ အဆောက်အဦတွေလည်း ရှိပါတယ်။ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူ ၂၀ လောက်ရှိပြီး တပိုင်တနိုင် လုပ်ကြတဲ့ ဒေသခံတွေက တဝက်လောက် ရှိပါတယ်။ ခရီးသွားတွေ များလာတာကြောင့် ဒေသခံမဟုတ်တဲ့ ပြင်ပနေသူတွေက ခရီးသွားလုပ်ငန်းတွေ တိုးချဲ့လုပ်ကိုင်ဖို့ စီစဉ်နေကြတာ တွေ့ရပြီး မြေဈေးတွေကလည်း သိန်းထောင်ချီနေပြီ ဖြစ်ပါတယ်။ 
မြေယာသည် ရောင်းကုန် မဟုတ်လို့ တန်ဖိုးထားသူတချို့ကတော့ လုံးဝ မရောင်းချပေမယ့် အချို့ကတော့ ရောင်းချတာတွေ ရှိပါတယ်။ ဧရာဝတီတိုင်းရဲ့ ပထမဦးဆုံးသော ထောက်ပံ့ပို့ဆောင်ရေးစခန်းလို့ဆိုတဲ့ စီမံကိန်းတခုကိုလည်း စတင်နေတာ တွေ့ရပါတယ်။ ငရုတ်ကောင်းမြို့ကနေ ဂေါ်ရန်ဂျီကျွန်းကို ယခုအချိန်မှာ ကူးတို့လှေနဲ့သာ ကူးနေရဆဲပါ။ ကူးတို့ဆိပ်အစား တံတားထိုးဖို့အတွက် ဘတ်ဂျက်ကျပြီလို့ သိရပါတယ်။ တံတားထိုးဖို့ နေရာတွေ ရွေးချယ်ထားတာကိုလည်း တွေ့ခဲ့ရပါတယ်။
ဂေါ်ရန်ဂျီကျွန်းဒေသ ဖွံ့ဖြိုးလာရင်  ဒေသခံတွေ အလုပ်အကိုင် အခွင့်လမ်း အရင်ကထက် ပိုအဆင်ပြေလာမလား၊ ဒေသခံတွေ လက်ရှိကနေ လက်မဲ့ဖြစ်မလား၊ သဘာဝဆန်ဆန် အရိုင်းပဲ ရှိနေတဲ့ ဂေါ်ရန်ဂျီကမ်းခြေကျွန်းကလေးဟာ အခြားကမ်းခြေတွေလိုပဲ သဘာဝတွေ ပျောက်ပြီး ပျက်စီးသွားမလား ဆိုတာ ဘယ်သူမှတော့ မပြောနိုင်ပါဘူး။ ဒေသခံတချို့ကတော့ ဒါကို စိုးရိမ်နေကြပါတယ်။
ခရီးသွားတွေ တိုးလာတာနဲ့အမျှ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့ မဆင်မခြင် အမှိုက်စွန့်ပစ်မှုတွေကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ ရပ်ရွာအခြေခံပြီး သဘာဝတွေလည်း မပျက်စီး ဒေသခံများ အဆင်ပြေ ဖွံ့ဖြိုးလာတာကို စဉ်းစားရမလား။ ရပ်ရွာကို အခြေမခံဘဲ ရပ်ရွာက မြေတွေ ပျောက်၊ သဘာဝတွေ ပျက်စီးလာတာကို မြင်တွေ့ရဖို့ ပိုပြီး ကြီးထွားလာမလားလို့ ဆိုတာ စဉ်းစားစရာတွေပါပဲ။
Photo - Sa Yarzar Aung / MPA
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024