Home
သတင်းဓာတ်ပုံ
တောင်တွင်းကြီး တံခွန်ထမင်းဆိုင် မီးလောင်
DVB
·
September 9, 2016
criminal12
criminal8
criminal6
criminal5
criminal4
criminal2
criminal1
criminal10
တောင်တွင်းကြီးမြို့မှာ ဒီနေ့ မနက်အစောပိုင်းက ပြည်လမ်း၊ အုန်းတော ၁ ရပ်ကွက်က တံခွန်ထမင်းဆိုင် နှစ်ထပ်အဆောက်အဦမှာ ဘက်ထရီးအားသွင်းရာကနေ အပူလွန်ကဲပြီး  မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။ မီးလောင်မှုဖြစ်ပွားရာနေရာကို မီးသတ်တပ်ဖွဲ့ဝင် စုစုပေါင်း ၆၈ ဦး၊ မီးသတ်ယာဉ် ၇ စီးနဲ့ ရေသယ်ယာဉ် ၁ စီးအပါဝင် ဒေသခံပြည်သူတွေ ဝိုင်းဝန်းငြိမ်းသတ်ခဲ့ကြပါတယ်။ မီးလောင်မှုကြောင့် တဦးဒဏ်ရာရရှိလို့ တောင်တွင်းကြီးမြို့နယ် ပြည်သူဆေးရုံကို ပို့ဆောင်ဆေးကုသခဲ့ရပါတယ်။ မီးလောင်ကျွမ်းမှုကြောင့် ကျပ်ငွေ ၄ သိန်းခွဲဖိုးလေက် ဆုံးရှုံးခဲ့တယ်လို့ တောင်တွင်းကြီးမြို့နယ်မီးသတ်ဦးစီးမှူးရုံးက ပြောပါတယ်။ မီးလောင်မှုနဲ့ပတ်သက်လို့ ပိုင်ရှင်ဖြစ်သူ ဒေါ်ဖြူဖြူထိုက်ကို တောင်တွင်းကြီးမြို့နယ် မြို့မရဲစခန်းမှာ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၈၅ အရ အမှုဖွင့် အရေးယူထားတယ်လို့ ဆိုပါတယ်။ သတင်း/ဓာတ်ပုံ သားကြီး (တောင်တွင်းကြီး)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024