Home
နိုင်ငံတကာ
ကမ္ဘာကျော် ကားကုမ္ပဏီကြီးများ ဆက်ရှင်သန်နိုင်ရန် တရုတ်ကုမ္ပဏီများနှင့် ပူးပေါင်း 
DVB
·
May 8, 2024

ဂျာမနီ၊ ဂျပန်နဲ့ အမေရိကန် ကားကုမ္ပဏီကြီးတွေဟာ ပြိုင်ဆိုင်မှုပြင်းထန်လာတဲ့ တရုတ်ဈေးကွက်မှာ ရှင်ကျန်နိုင်ဖို့အတွက် တရုတ်လုပ်နည်းပညာကို ဝယ်ယူတာ၊ တရုတ်ကုမ္ပဏီတွေနဲ့ ပူးပေါင်းတာမျိုးက တခုတည်းသော နည်းလမ်းဖြစ်တယ်လို့ ဆုံးဖြတ်ခဲ့ကြကြောင်း Financial Times သတင်းစာက ဖော်ပြပါတယ်။

ကမ္ဘာ့အကြီးဆုံး ကားဈေးကွက်ဖြစ်တဲ့ တရုတ်ပြည်မှာ ပြည်ပကားကုမ္ပဏီတွေဟာ ဈေးကွက်ဝေစု စံချိန်တင် ကျဆင်းခဲ့ပြီးနောက် ၄၀ ရာခိုင်နှုန်းသာ ရှိတော့တဲ့အချိန်မှာ အခုလို ဆုံးဖြတ်ခဲ့ကြတာပါ။

ပထမဆုံးက ဂျာမနီကားကုမ္ပဏီ ဗောက်စ်ဝက်ဂွန်ဖြစ်ပြီး တရုတ်နည်းပညာကုမ္ပဏီ အများအပြားနဲ့ ပူးပေါင်းလိုက်ကြောင်း ကြေညာခဲ့ပါတယ်။

ကမ္ဘာ့နံပါတ်တစ် ဂျပန်ကားကုမ္ပဏီ တိုယိုတာကလည်း ကမ္ဘာ့အကြီးဆုံး ဗီဒီယိုဂိမ်း ကုမ္ပဏီလည်းဖြစ်၊ WeChat အက်ပလီကေးရှင်းလည်း ပိုင်ဆိုင်ထားတဲ့ Tencent နဲ့ ပေါင်းစည်းမှုကို Beijing Auto Show မှာကြေညာခဲ့ပါတယ်။

Tencent ရဲ့ အသိဉာဏ်ရည်တု AI နဲ့ Cloud အခြေပြုဆော့ဖ်ဝဲစနစ်ကို တိုယိုတာကားတွေမှာ အသုံးပြုမှာ ဖြစ်ပါတယ်။

တောင်ကိုရီးယားကားကုမ္ပဏီ ဟွန်ဒိုင်းကတော့ တရုတ်ကုမ္ပဏီ CATL နဲ့ပူးပေါင်းပြီး လျှပ်စစ်ကားဘက်ထရီတွေ ထုတ်လုပ်မှာဖြစ်ပါတယ်။

နောက်ဆုံးကတော့ အမေရိကန်ကုမ္ပဏီ Tesla ဖြစ်ပြီး အလိုအလျောက်မောင်းနှင်စနစ် တရုတ်မှာ သုံးခွင့်ရဖို့အတွက် တရုတ် Search Engine ကုမ္ပဏီဖြစ်တဲ့  Baidu  နဲ့ ပူးပေါင်းလိုက်ပြီ ဖြစ်ပါတယ်။

Photo - REUTERS/Florence Lo/File Photo

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024