Home
နိုင်ငံတကာ
ဘင်္ဂလားဒေ့ရှ် တက္ကသိုလ်ကျောင်းသားထောင်ချီ ဂါဇာစစ်ပွဲ ဆန့်ကျင်ဆန္ဒပြ
DVB
·
May 7, 2024

ဘင်္ဂလားဒေ့ရှ်နိုင်ငံက အာဏာရ အဝါမီအသင်းချုပ်ပါတီရဲ့ ကျောင်းသားတွေအပါအဝင် ထောင်ချီတဲ့ တက်ကြွလှုပ်ရှားသူတွေဟာ မြို့တော်ဒါကာမှာ မေ ၆ ရက်က ချီတက်ခဲ့ကြပါတယ်။

ဂါဇာမှာ လချီကြာနေတဲ့ စစ်ပွဲကို ဆန့်ကျင်ဆန္ဒပြနေတဲ့ အမေရိကန် တက္ကသိုလ် ပရဝဏ်တွေထဲက ကျောင်းသားတွေနဲ့ သွေးစည်းကြောင်းပြတာလို့ ဆိုပါတယ်။

ဒါကာတက္ကသိုလ်ဝင်းထဲမှာ ဘင်္ဂလားဒေ့ရှ် ချာထရာအသင်းချုပ်က စီစဉ်တဲ့ တနင်္လာချီတက်ပွဲကို လူ ၆,၀၀၀ ထက်မနည်း ပူးပေါင်းခဲ့တယ်လို့ မြေပြင်က ရဲအရာရှိတွေက အတည်ပြုပါတယ်။

ဆန္ဒပြပွဲကို ပူးပေါင်းလာတဲ့ အသင်းချုပ်ကမဟုတ်တဲ့ ကျောင်းသားအများစုကတော့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကို နိုင်ငံတကာတရားရုံးမှာ တရားစွဲဖို့၊ အပစ်အခတ် ချက်ချင်းရပ်ဖို့နဲ့ ပါလက်စတိုင်းတွေကို ထောက်ပံ့ဖို့ တောင်းဆိုခဲ့ကြပါတယ်။

လူအုပ်ကြီးကို အမေရိကန် အရာရှိတွေနဲ့ ပါလက်စတိုင်းလိုလားတဲ့ ကျောင်းသား ဆန္ဒပြသူတွေကြား အကြမ်းဖက် အဓိကရုဏ်းအတွက် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ အစိုးရကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပါတယ်။

ဘင်္ဂလားဒေ့ရှ် ချာထရာအသင်းချုပ်ဟာ ဆန္ဒပြပွဲတွေ ဆင်နွှဲရာ တက္ကသိုလ်တွေ ကောလိပ်တွေမှာ ပါလက်စတိုင်းအလံတွေကို ကိုင်ဆောင်ရင်း နိုင်ငံတဝန်းမှာ အလားတူ ချီတက်ပွဲတွေ စီစဉ်ခဲ့ပါတယ်။

မေ ၅ ရက်ကလည်း ဂါဇာစစ်ပွဲကို ဆန့်ကျင်တဲ့ ချီတက်ပွဲအတွင်း ဒါကာ တက္ကသိုလ်ကျောင်းသား ရာပေါင်းများစွာ ပါဝင်ခဲ့ပြီး နေတန်ယာဟုရဲ့ ပုံတူအရုပ်ကို မီးရှို့ခဲ့ကြပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024