ပဲခူးမြို့၊ ဆုတောင်းပြည့် ရွှေမော်ဓေါစေတီရှိ ဗုဒ္ဓပူဇနိယဘုရားပွဲဈေးမှာ ဧပြီ ၂၇ ရက် ညက ခွေးရူး၀င်ကိုက်ခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင် ဘုရားဖူးပြည်သူ ၃၀ လောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“ဘုရားပွဲဈေးထဲကို ခွေးရူး၀င်ကိုက်တာပါ။ အသက် ၁၀ နှစ်အရွယ် ကလေးတွေရောပါတယ်။ အားလုံးပေါင်း ၂၉ ဦးလောက် ဒဏ်ရာရသွားကြတယ်။”
ခွေးရူးကိုက်ခံရသူတွေကိုတော့ ခွေးရူးပြန်ကာကွယ်ဆေးနဲ့ အဆိပ်ကျဆေးတွေ ထိုးနှံပေးခဲ့ကာ ဧပြီ ၃၀ ရက်၊ မေ ၄ ရက်နဲ့ ၂၅ ရက်တွေမှာ ဆေးထပ်မံထိုးနှံပေးသွားမယ်လို့ ပဲခူးဆေးရုံနဲ့နီးစပ်သူတွေဆီက သိရပါတယ်။
ဒါ့အပြင် ဘုရားပွဲဈေးအတွင်း ၀င်ကိုက်ခဲ့တဲ့ ခွေးရူးကို မြို့ခံတွေက လိုက်လံဖမ်းဆီးခဲ့ပေမဲ့ လွတ်မြောက်သွားခဲ့ကြောင်း ဒေသခံက ပြောပါတယ်။