Home
မြန်မာသတင်း
ညောင်ဦးတွင် နေအိမ်မီးလောင်သဖြင့် အိမ်ရှင် ၂ ဦး အမောဖောက်၊ အိမ် ၆ လုံး ဆုံးရှုံး
DVB
·
April 11, 2024

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ မီးလောင်ပြီး လူနေအိမ် ၆ လုံး ဆုံးရှုံးကာ လူ ၂ ဦး အမောဖောက်လို့ ဆေးရုံပို့ဆောင်ပေးခဲ့ရတယ်လို့ ညောင်ဦးလူငယ်များ ပရဟိတအသင်းထံက သိရပါတယ်။

ဧပြီ ၁၀ ရက် မနက် ၆ နာရီ မိနစ် ၂၀ က ပုလင်းကျေးရွာအုပ်စု အရှေ့ပုလင်းရွာမှာ ပေါ့ဆမှုကြောင့် မီးလောင်မှုဖြစ်ခဲ့တာလို့ သိရပါတယ်။

မီးလောင်ကျွမ်းမှုကြောင့် သွပ်မိုးထရံကာ လူနေအိမ် ၆ လုံးနဲ့ အိမ်အတွင်းက ပစ္စည်းတွေ အကုန်မီးလောင်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

နေအိမ်မီးလောင်တာကို မြင်ရတဲ့ အသက် ၂၀ အရွယ် အမျိုးသားနဲ့ အသက် ၆၀ ဝန်းကျင်အရွယ် အမျိုးသမီးတို့ အမောဖောက်လို့ ညောင်ဦး ခုတင် ၂၀၀ ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။

ညောင်ဦးလူငယ်များ ပရဟိတအသင်း တာဝန်ရှိသူက “၆ နာရီ ၂၀ လောက်မှာ သတင်းရတာပေါ့၊ ၄၀ မှာ မီးထိန်းနိုင်ပြီး ၄၅ မှာတော့ ရေခဲတယ်(မီးငြိမ်း)။ မီးကတော့ ပေါ့ဆမီးပါပဲ။ လူနာတွေကတော့ မီးလောင်တဲ့ သူတို့အိမ် ဆုံးရှုံးမှုကိုကြည့်ပြီး အမောဖောက်သွားတာပါ။ အိမ်တွေကတော့ ဘာမှပြန်မရလိုက်ဘူး။ ကျနော်တို့က မီးငြိမ်းတာနဲ့ လူနာကောက်ပြီး တန်းပြန်လာတော့ ပျက်စီးဆုံးရှုံးမှုတန်ဖိုးတော့ မသိလိုက်ရဘူး” လို့ ပြောပါတယ်။

နယ်မြေခံ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့သာ မီးငြှိမ်းသတ်နိုင်ခဲ့တဲ့အတွက် မီးလောင်မှုအဆင့် မသတ်မှတ်ခဲ့ရဘူးလို့လည်း သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024