Home
မြန်မာသတင်း
ရေစကြိုတွင် စစ်ကောင်စီတပ်သား ၁ ဦး လက်နက်ခဲယမ်းဖြင့် အလင်းဝင်
DVB
·
April 6, 2024

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်က စစ်ကောင်စီတပ်သား ၁ ယောက် လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်ရောက်လာခဲ့တယ်လို့ ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။

အလင်းဝင်ဖို့ ဆက်သွယ်လာတဲ့ ရဲတပ်သားကို ရေစကြို ပကဖ ရဲဘော်တွေက ဧပြီ ၆ ရက်နေ့ ည ၇ နာရီအချိန်မှာ ရေစကြိုမြို့ပေါ်ကနေ ဘေးကင်းကင်းနဲ့ ခေါ်ထုတ်လာနိုင်ခဲ့တယ်လို့ သိရပါတယ်။

အလင်းဝင်လာတဲ့ ရဲတပ်သားဟာ ရေစကြို ခလရ ၂၅၂ တပ်ကနေ ရေစကြိုမြို့ပေါ်မှာ တာဝန်ကျနေတဲ့ တပ်သား စိုင်းခမ်းလီဆိုသူဖြစ်ပြီး သူနဲ့အတူ MA 1 သေနတ် ၁ လက်၊ ကျည်ဆံအတောင့် ၁၃၀၊ ကျည်ဘောက် ၄ ခုနဲ့ အီနာဂါဗုံး ၁ လုံးပါရှိခဲ့တယ်လို့ သိရပါတယ်။

ရေစကြိုပကဖ တာဝန်ရှိသူက “အလင်းဝင်ဖို့ ဖုန်းဆက်ပြီး ဆက်သွယ်လာတဲ့အချိန်မှာ ကျနော်တို့ ဘေးကင်းစွာနဲ့ ခေါ်ထုတ်လာနိုင်ခဲ့ပါတယ်၊ ရေစကြိုမြို့ပေါ်က စကစတပ်သားတွေလည်း မတရားတဲ့ အမိန့်အောက်မှာ စစ်ကောင်စီလက်အောက်မှာ အလုပ်မလုပ်ကြပါနဲ့။ အလင်းဝင်ချင်ရင်လည်း ကျနော်တို့ ဖေ့စ်ဘွတ်စာမျက်နှာကနေ လုံခြုံစိတ်ချစွာဆက်သွယ်လို့ရပါတယ်” လို့ ပြောပါတယ်။

အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားကို ငွေကျပ်သိန်း ၅၀ ချီးမြှင့်ပြီး လွတ်မြောက်နယ်မြေကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024