Home
နိုင်ငံတကာ
ယူကရိန်းဘက် ခိုလှုံခဲ့သည့် ရုရှားလေယာဉ်မှူးအလောင်းကို စပိန်တွင်တွေ့ရှိ
DVB
·
February 21, 2024

မနှစ်က ရဟတ်ယာဉ်နဲ့ ယူကရိန်းနိုင်ငံဆီ ထွက်လာပြီး ဘက်ပြောင်းခိုလှုံခဲ့သူ ရုရှားလေယာဉ်မှူးတယောက်ရဲ့ ကျည်ဆန်ရာတွေပြည့်နေတဲ့ အလောင်းကို စပိန်နိုင်ငံ မြေအောက်ကားဂိုဒေါင်တခုမှာ ပြီးခဲ့တဲ့သီတင်းပတ်က တွေ့ခဲ့တယ်လို့ ယူကရိန်းနဲ့ စပိန်မီဒီယာတွေက ဖေဖော်ဝါရီ ၁၉ ရက်မှာ ဖော်ပြခဲ့ပါတယ်။

သူ့ Mi-8 ရဟတ်ယာဉ်နဲ့ ယူကရိန်းနိုင်ငံဆီ ပျံသွားခဲ့တဲ့ လေယာဉ်မှူး မက်ဇင်မ် ကုဇ်ညီနော့ဗ်ဟာ စပိန်နိုင်ငံမှာ သေဆုံးသွားခဲ့ပြီး သေဆုံးရတဲ့ အကြောင်းရင်းကို မဖော်ပြထားဘဲ ယူကရိန်းနိုင်ငံ GUR စစ်ဘက်ထောက်လှမ်းရေးဌာနက အတည်ပြုခဲ့ပါတယ်။

စပိန်နိုင်ငံတောင်ပိုင်း အလီကန်တေမြို့နား ဘီယာဟိုယော်ဆာမြို့က မြေအောက် ကားဂိုဒေါင်တခုမှာ ဖေဖော်ဝါရီ ၁၃ ရက်က ကျည်ဆန်တွေ၊ ပွန်းပဲ့ဒဏ်ရာတွေနဲ့ အလောင်းကို တွေ့ခဲ့တယ်လို့ စပိန်တာဝန်ရှိသူတွေက အတည်ပြုခဲ့ပါတယ်။

အပစ်ခံရသူဟာ အထောက်အထားအတုနဲ့ စပိန်မှာနေတဲ့ လေယာဉ်မှူးဖြစ်တယ်လို့ စပိန်နဲ့ ယူကရိန်းမီဒီယာတွေက ဖော်ပြပါတယ်။

ဒီသတင်း ထွက်ပေါ်လာချိန်မှာ ပထမဆုံး ရုရှားဘက်က မှတ်ချက်အနေနဲ့ ရုရှား နိုင်ငံခြားထောက်လှမ်းရေး အကြီးအကဲက ဒါဟာ နိုင်ငံကို သစ္စာဖောက်မှုအတွက် စပိန်မှာ ပစ်သတ်ခံခဲ့ရတဲ့ “ကိုယ်ကျင့်တရားဆိုင်ရာ အလောင်း” အဖြစ် ရည်ညွှန်း ဖော်ပြခဲ့ပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024