Home
နိုင်ငံတကာ
ပြည်ဝင်ခွင့်ဗီဇာ လိုအပ်ချက် လျှော့ပေးရန် တရုတ်နှင့် ထိုင်း သဘောတူ
DVB
·
January 29, 2024
China, Thailand to waive mutual visa requirements from March 1

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိုင်းနဲ့ တရုတ် နှစ်နိုင်ငံအကြား ခရီးသွားလာရေးနဲ့ ခရီးသွားလုပ်ငန်း လည်ပတ် ဆောင်ရွက်ရေး လွယ်ကူချောမွေ့စေဖို့ တရုတ်နဲ့ ထိုင်း နိုင်ငံသားတွေအတွက် ပြည်ဝင်ခွင့်ဗီဇာ လိုအပ်ချက်ကို လျှော့ပေါ့သက်သာခွင့်ပေးရေး တရုတ်နဲ့ ထိုင်းအစိုးရတို့ ဇန်နဝါရီ ၂၈ ရက်မှာ သဘောတူလိုက်ကြပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပမ်ပရီဘဟိဒါနုကာရနဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့ ဇန်နဝါရီ ၂၈ ရက်မှာ ထိုင်းနိုင်ငံရဲ့ မြို့တော် ဘန်ကောက်မြို့မှာ တွေ့ဆုံပြီး အခမ်းအနားတခုမှာ နှစ်နိုင်ငံ အပြန်အလှန် ဗီဇာကင်းလွတ်ခွင့်ကို လက်မှတ်ရေးထိုးခဲ့တာပါ။

တရုတ်နိုင်ငံဟာ ကိုဗစ်-၁၉ ကပ်ဘေးမတိုင်မီ အရှေ့တောင်အာရှရဲ့ ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံရဲ့ အဓိက မောင်းနှင်အားဖြစ်တဲ့ ခရီးသွားလုပ်ငန်းအတွက် ထိပ်တန်းအရင်းအမြစ်တခု ဖြစ်ခဲ့တာပါ။

ဒါပေမဲ့ ကပ်ဘေးနှောင်းပိုင်းမှာ ထိုင်းနိုင်ငံဆီ တရုတ်ခရီးသွားတွေ ပြန်လည်ဝင်ရောက်မှု နှေးကွေးခဲ့ပါတယ်။

ကပ်ရောဂါမဖြစ်ပွားမီ ၂၀၁၉ ခုနှစ်မှာ ထိုင်းနိုင်ငံဆီ တရုတ်ခရီးသွား ၁၁ သန်းဝင်ခဲ့ရာက မနှစ်ကတော့ ၃ သန်းခွဲအထိ ကျဆင်းသွားခဲ့ပါတယ်။

တရုတ်နဲ့ ထိုင်းအစိုးရတို့ကလည်း တရုတ်-ထိုင်း ရထားလမ်း ဖောက်လုပ်မှုကို အရှိန်မြှင့်ဖို့ ကတိပြုပြီး နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုတွေကို တိုက်ဖျက်ရာမှာ အတူတကွ လုပ်ဆောင်မယ်လို့ ဝမ်ယိက ပြောပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024