ဘုန်းမောက်ကိုအနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ကစားသမားတွေရဲ့ လူသားဆန်မှု အရည်အသွေး ပြသနိုင်ခဲ့တာက နိုင်ပွဲထက် ပိုပြီး ကျေနပ်စရာကောင်းတယ်လို့ အာဆင်နယ်နည်းပြ အာတေတာက ပြောသွားပါတယ်။
အာဆင်နယ် အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ဘုန်းမောက်နဲ့ပွဲစဉ်မှာ ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး ဆာကာ၊ အိုဒီဂတ်၊ ကိုင်ဟာဗက်ဇ်နဲ့ ဘန်ဝိူက်တို့က ဂိုးသွင်းခဲ့ကြတာပါ။
အဖွင့်ဂိုးကို ဆာကာက သွင်းယူခဲ့ပြီး ပင်နယ်တီ နှစ်ကြိမ်ရရှိခဲ့ရာမှာ သူကိုယ်တိုင်မကန်သွင်းတော့ဘဲ ဂိုးမရသေးတဲ့ အိုဒီဂတ်နဲ့ ကိုင်ဟာဗက်ဇ်တို့ကို ကန်သွင်းစေခဲ့တာပါ။
နည်းပြအာတေတာကတော့ ဆာကာအပါအဝင် အသင်းသားတွေရဲ့ လူသားဆန်မှု အရည်အသွေး ပြသခဲ့တာက နိုင်ပွဲရရှိတာထက်ပိုပြီး ကျေနပ်စရာကောင်းတယ်လို့ ပွဲအပြီးမှာ ချီးကျူးခဲ့တာပါ။
အထူးသဖြင့် သွင်းဂိုးရဖို့ရုန်းကန်နေရတဲ့ တိုက်စစ်မှူးသစ် ကိုဟာဗက်ဇ်ဟာ အရာအားလုံးနဲ့ ထိုက်တန်ပြီး သွင်းဂိုးရယူနိုင်ခဲ့တဲ့အပေါ် ကျေနပ်မိတယ်လို့လည်း နည်းပြအာတေတာက ချီးကျူး သွားခဲ့ပါတယ်။
Photo-Reuters