ဟော်လန်ဂိုးသမားဟောင်း ဗန်ဒါးဆားကို ခရိုအေးရှားဆေးရုံကနေ မိခင်နိုင်ငံဟော်လန်က ဆေးရုံ ဆီ ပြောင်းရွှေ့ကုသနေပါတယ်။
အသက် ၅၂ နှစ်ရှိ ဟော်လန်လက်ရွေးစင်နဲ့ မန်ယူဂိုးသမားဟောင်း ဗန်ဒါးဆားဟာ ခရိုအေးရှားနိုင်ငံမှာ အားလပ်ရက်အပန်းဖြေထွက်နေစဉ် ဦးနှောက်သွေးယိုစီးမှု ဖြစ်ပွားခဲ့တာကြောင့် အရေးပေါ်ဆေးရုံ တက်ရောက်ခဲ့ရတာပါ။
တစ်ပတ်ကျော်ကြာမြင့်လာခဲ့ချိန်မှာတော့ ဟော်လန်နိုင်ငံဆေးရုံဆီ ပြောင်းရွှေ့ကုသခဲ့တာဖြစ်ပြီး အသက်အန္တရာယ်မစိုးရိမ်ရတော့ပေမဲ့ ကြပ်မတ်ကုသနေရဆဲဖြစ် ကြောင်း ဇနီးဖြစ်သူ ဗန်ကတ်စတာရင်က ပြောပါတယ်။
ဇနီးဖြစ်သူက “သူ့ရဲ့အခြေအနေက တည်ငြိမ်နေဆဲ ဖြစ်ပြီး အသက်အန္တရာယ်မရှိတော့သလို ဆက်သွယ်ပြောဆိုနိုင်ခြင်းလည်း မရှိသေးပါဘူး”လို့ ပြောခဲ့ကြောင်း အိုင်းယက်စ်အသင်းက သတင်းထုတ်ပြန်ပါတယ်။
ဗန်ဒါးဆားအနေနဲ့ နောက်ထပ် စစ်ဆေးမှုတွေပြုလုပ်သွားရဦးမှာဖြစ်ပြီး အမြန်ဆုံး ပြန်လည်ကောင်းမွန်လာဖို့ မိသားစုဝင်တွေက မျှော်လင့်ထားပါတယ်။
ဗန်ဒါးဆားဟာ ပြီးခဲ့တဲ့မေလကမှ ချန်ပီယံလိဂ်ဝင်ခွင့်ဆုံးရူံးခဲ့ပြီးနောက် အိုင်းယက်စ်အမူဆောင်ချုပ်ရာထူးကနေ နုတ်ထွက်ခဲ့သူပါ။
သူဟာ ကစားသမားဘဝက ဟော်လန်အသင်းအတွက် ပွဲ ၁၃၀ ကစားခဲ့သလို မန်ယူအတွက်လည်း ၂၆၆ ပွဲ ကစားခဲ့ပါတယ်။