Email This Story :
နယူးဇီလန်မှာ ကျင်းပမယ့် ကမ္ဘာဖလားပြိုင်ပွဲဝင်ခွင့်ရတဲ့ ယူ ၂၀ မြန်မာ လူငယ် အသင်းနဲ့ ယူ ၂၁ အဇာဘိုင်ဂျန် အသင်းတို့ ခြေစမ်းကစားခဲ့ရာမှာ မြန်မာ လူငယ်အသင်းက ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။
မြန်မာအသင်းအတွက် အနိုင်ဂိုးတွေကို နန္ဒကျော်နဲ့ အောင်သူတို့က သွင်းယူသွားခဲ့တယ်လို့ မြန်မာ ဘောလုံးအဖွဲ့ချုပ်ရဲ့ လူမှုရေးကွန်ယက် အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မြန်မာလူငယ်အသင်းဟာ တာဂျစ်ကစ္စတန် စူပါလိဂ်က Taraz ကလပ်အသင်းနဲ့ ခြေစမ်းပွဲကစားခဲ့ရာမှာ ၂ ဂိုးစီသရေကျခဲ့ပါတယ်။ ဒီပွဲမှာတော့ကျော်မင်းဦးနဲ့ နန္ဒကျော်တို့က သွင်းယူခဲ့တာ ဖြစ်ပါတယ်။
မြန်မာလူငယ်အသင်းဟာ ကမ္ဘာဖလားပြိုင်ပွဲအတွက် ပြင်ဆင်လေ့ကျင့်မှုတွေ ပြုလုပ်ဖို့အတွက် တူရကီ နိုင်ငံကို ရောက်ရှိနေပါတယ်။
- ဓာတ်ပုံ- MFF ဖေ့ဘွတ်
- ဓာတ်ပုံ- MFF ဖေ့ဘွတ်
- ဓာတ်ပုံ- MFF ဖေ့ဘွတ်