Email This Story :
ဒီဇင်ဘာ ၂၈ ရက်နေ့က ပျက်ကျသွားခဲ့တဲ့ အဲအေးရှား လေယာဉ်ကို ရှာဖွေနေတာ ဒီဇင်ဘာ ၃၁ ရက်နေ့မှာတော့ အလောင်း ၇ လောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီလို့ အင်ဒိုနီးရှား ကယ်ဆယ်ရေး အရာရှိတွေက ပြောပါတယ်။
ဆိုးရွားတဲ့ ရာသီဥတု အခြေအနေကြောင့် ရှာဖွေရေးလုပ်ငန်းတွေကိုလည်း ရပ်နားထားတယ်လို့ ပြောပါတယ်။
ဒီဇင်ဘာ ၃၁ ရက်နေ့ အစောပိုင်းမှာတော့ ရှာဖွေရေး ရဟတ်ယာဉ်က အလောင်း ၂ လောင်းကို ပြန်သယ်လာခဲ့ပါတယ်။ ဂျားဗား ပင်လယ်ပြင်မှာ ရှာဖွေရေးလုပ်နေတာ ဒီဇင်ဘာ ၃၀ ရက်နေ့မှာ အပျက်အစီးတွေကို အစောဆုံးတွေ့ခဲ့ရပါတာပါ။
တချို့ အလောင်းတွေကဟာ အ၀တ်အစား အပြည့်အစုံနဲ့ ဖြစ်သလို၊ အလောင်းတွေထဲက တလောင်းကိုလည်း သက်ကယ် အင်္ကျီနဲ့ တွေ့ခဲ့ရပါတယ်။ ဒါကြောင့် လေယာဉ်ဟာ အပျက်အစီးမရှိဘဲ ပျက်ကျခဲ့ပုံရတယ်ဆိုတဲ့ ခန့်မှန်းချက်တွေကို ပိုပြီး ခိုင်မာစေပါတယ်။
လေယာဉ်ဟာ ရာသီဥတု ဆိုးရွားတာကြောင့် ပျက်ကျသွားတယ်လို့ ယုံကြည်နေပါတယ်။ အလောင်းတွေ အပိုင်းအစတွေ တွေ့ရတဲ့ ပင်လယ်ရေမျက်နှာပြင်ရဲ့ ကြမ်းပြင်မှာ ဆိုနာ အသံလှိုင်းစနစ်နဲ့ ရှာဖွေမှုအရ အမည်းရောင် အရာဝတ္ထုတခုကို တွေ့ရှိထားပြီး လေယာဉ် ကိုယ်ထည်လို့ ယူဆနေပါတယ်။
လောလောဆယ်မှာတော့ ရှာဖွေရေးလုပ်ငန်းမှာ သင်္ဘော ၃၀၊ လေယာဉ် ၂၁ စင်း ပါဝင်နေပါတယ်။
အင်ဒိုနီးရှား၊ သြစတြေးလျ၊ မလေးရှား၊ စင်ကာပူ၊ တောင်ကိုရီးယားနဲ့ အမေရိကန် ပြည်ထောင်စုက ပူးပေါင်းပါဝင်နေတာဖြစ်ပါတယ်။