Home
မြန်မာသတင်း
မုံရွာဗဟိုမဏ္ဍပ်အနီး ဗုံးပေါက်ကွဲ၊ မိုင်တဲလ်ရုံး လက်ပစ်ဗုံးပစ်ခတ်ခံရ
DVB
·
April 14, 2023
341016939_905689574040378_5988464930698726587_n

စစ်ကိုင်တိုင်း၊ မုံရွာမြို့မှာ ဧပြီ ၁၃ ရက် ည ၇ နာရီလောက်က စစ်ကောင်စီရဲ့ ဗဟိုမဏ္ဍပ်အနီးမှာ ဗုံးပေါက်ကွဲခဲ့သလို စစ်တပ်ပိုင် မိုင်တဲလ်ရုံး အဆောက်အဦလက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ကံသာဦးရပ်ကွက်မှာ ဆောက်လုပ်ထားတဲ့ စစ်ကောင်စီရဲ့ ဗဟိုမဏ္ဍပ်အနီးမှာ ဗုံးပေါက်ကွဲခဲ့တာဖြစ်ပြီး မုံရွာ အမှတ်၂ ရဲစခန်းနဲ့ ကျောက္ကာလမ်းမှာရှိတဲ့ မိုင်တဲလ်ရုံးကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။

တိုက်ခိုက်မှုတွေ ဖြစ်ပွားပြီးတဲ့နောက် စစ်ကောင်စီတပ်တွေက မုံရွာမြိုပေါ်က လမ်းတွေနဲ့ ရပ်ကွက်တွေထဲကို ပိတ်ဆို့စစ်ဆေးခဲ့ပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ ကန်သာယာ ဗဟိုမဏ္ဍပ်ရဲ့အနီးတဝိုက်မှာလည်း ရဲနဲ့စစ်သားတွေက ဆဲဆိုပြီး ရမ်းသန်းပစ်ခတ်ခဲ့တယ်လို့ မြိုခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီက မုံရွာသင်္ကြန်မှာဖျော်ဖြေဖို့ဖိတ်ထားတဲ့ အနုပညာရှင်တွေ ရောက်ရှိလာတဲ့ ဧပြီ ၁၂ ရက်နေ့ကစပြီး မုံရွာမြိုပေါ်မှာ ညစဥ် ပေါက်ကွဲသံတွေနဲ့ အပြန်အလှန်ပစ်ခတ်သံတွေ ဆူညံနေပြီး အနုပညာရှင်တွေ တည်းခိုတဲ့ ဝင်းယူနတီ ဟိုတယ်ရှေ့မှာလည်း ရဲနဲ့စစ်သား အများအပြားက လုံခြုံရေးယူပေးထားတယ်လို့   မြို့ခံတစ်ဦးက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုတွေကို Area 71အဖွဲနဲ့ Ronin Thirteen People Force တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု အခြေအနေကိုတော့ လတ်တလောအတည်မပြုနိုင်သေးပဲ စိစစ်နေဆဲလို့  Area 71အဖွဲ့က ထုတ်ပြန်ထားပါတယ်။

မုံရွာအခြေစိုက်ကာကွယ်ရေးတပ်ဖွဲတွေကတော့ ပြည်သူတွေအနေနဲ့ အခုရက်ပိုင်းအတွင်း စစ်ကောင်စီက ပြုလုပ်တဲ့ မုံရွာမြိုထဲက သင်္ကြန်မဏ္ဍပ်တွေနဲ့ စစ်ဆေးရေးဂိတ်တွေ အနီးအနားကို သွားလာတာမပြုလုပ်ကြဖို့သတိပေးထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024